okVideos
{"title":"Lust, Caution (2007)","desc":"အဝေးက လရိပ်မျှင်မျှင် လေးသည် မှန်ပြတင်းကိုဖြတ်လျက် အခန်းထဲကို တိုးဝင်နေသည်။ အခန်းထဲတွင် လရောင်လင်းရိပ်သာရှိပြီး အခန်းလေးသည် မှုန်ရီ ဝိုးဝါးနေ၏။မှန်ပြတင်းနားတွင် မိန်းကလေးတစ်ယောက် မတ်တပ်ရပ်ပြီး အဝေးကိုငေးကြည့်နေသည်။သူမ၏မျက်ဝန်းကလေးများသည် သောက်ရှုးကြယ်များသဖွယ် အမှောင်ထဲမှာပင် လင်းလက်နေသည်။နှုတ်ခမ်းနှစ်မွှာသည် တုန်ရီလျက်ရှိနေလေသည်။ယောကျာ်းပျိုတစ်ဦး သူမအနားကို ရောက်လာပြီး ပုခုံးလေနှစ်ဘက်ကို ယုယစွာ ဆုပ်ကိုင်လိုက်၏။မိန်းကလေးသည် လည်ပြန် ငဲ့ကြည့်လိုက်ပြီး သူတို့၏မျက်ဝန်းများ နှုတ်ခမ်းများသည် ချစ်ဆိပ်ရည် တို့ဖြင့်ပြည့်ကျံနေကာ တုန်ရီလျက်ရှိနေကြသည်။လရိပ်သည် အရောင်ဖျော့စပြုလာပေပြီ။ သူတို့နှစ်ဦး၏ ရမ္မက်အဆိပ်ငွေ့များကမူ တစ်စထက်တစ်စအရောင်တောက်လာပြီ။1938ခုနှစ်။ Wong chia chi(Tang Wei)သည် ဟောင်ကောင်တက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်သည်။အချိန်ကာလကား ဂျပန်တို့သည် အာရှတစ်ခွင်စိုးမိုးနေသည့်ကာလဖြစ်ပြီး တရုတ်ပြည်မကြီးကနေ ဟောင်ကောင်ကျွန်းကိုပါ သိမ်းပိုက်ရန်ကြံစည်နေသည့်အချိန်ကာလဖြစ်၏။ဟောင်ကောင်တွင် ဗြိတိသျှ အလိုတော်ရိများ ။အရေးမလှ၍ ဆုတ်ခွ...